Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ္မတူမြို့နယ် မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဇတ်တိုက်လေ့ကျင့်
Feb 25,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများဖြင့်ပူးပေါင်းပြီး မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ (၁၁)နာရီခွဲ အချိန်က နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်
Feb 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်များသည် အောင်လံမြို့ ကျောက်ပန်းတောင်း ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်…
Feb 25,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်များသည် အောင်လံခရိုင်၊ အောင်လံမြို့ ကျောက်ပန်းတောင်းကျေးရွာ ဓာတ်အားခွဲရုံတွင် ယမန်နေ့နံနက်(၁၀)နာရီ၌ ကျင်းပပြုလုပ်သော ကျောက်ပန်းတောင်း ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ် ဇီးဖြူပင်ကျေးရွာ မြေသားရေကန် HDPE-sheet ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဂုဏ်ရှိန်ထက်ကုမ္ပဏီမှဆောင်ရွက်လျက်ရှိသော ဇီးဖြူပင်ကျေးရွာတွင် (၁၇၀x ၉၀ x၁၁) မြေသားရေကန် HDPE -Sheet ခင်းခြင်း လုပ်ငန်းနှင့် အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအတွက် ငွေကျပ် (၄၈.၄၆၁၂)သန်း အကုန်အကျခံ၍
အပြည့်အစုံ ဖတ်ရန်
အမှတ်(၃၀၆)အမြောက်တပ်ရင်းစာကြည့်တိုက် ပုံမှန်လည်ပတ်နိုင်ရေးအတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်
Feb 24,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမှတ်(၃၀၆)အမြောက်တပ်ရင်း-တပ်ရင်းစာကြည့်တိုက်လုပ်ငန်းများ ပုံမှန်လည်ပတ်ငှါးရမ်းနိုင်ရေးအတွက် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သီသိခိုင်နှင့် ဝန်ထမ်းများက ယနေ့ နံနက် ၁၀နာ ရီအချိန်မှစ၍ ၎င်းစာကြည့်တိုက်အတွင်း စာကြည့်တိုက် တာဝန်ခံများနှင့်ပူးပေါင်း၍ စာကြည့်တိုက် ပညာရပ်များကို လက်တွေ့ ပြုလုပ်ဆောင်ရွက်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြစ်သားအခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ဖွင့်လှစ်မည့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုအား ယနေ့နံနက်(၉) နာရီက တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ကျောင်းတွင်းရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 24,2023
အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသား၊ကျောင်းသူများ စုပေါင်းကျင်းပသည့် ကျောင်းတွင်းရေသဘင်ပွဲတော်အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါ အစိုးရနည်းပညာကောလိပ်ကျောင်းရှေ့ကွင်းပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာများ၊ ကျောင်းသား၊ကျောင်း သူများက ပျော်ရွှင်စွာဖြင့် ရေကစားခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13281
Page
13282
Page
13283
Page
13284
Current page
13285
Page
13286
Page
13287
Page
13288
Page
13289
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department