အမြို့မြို့အနယ်နယ်သတင်းများ

Mar 02,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ စည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက် ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြသည်။
Mar 02,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူမှုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mar 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲများကို လာမည့် မတ် လ ၈ ရက်နေ့တွင် စတင် ကျင်းပတော့မည်ဖြစ်ရာ မြို့နယ်အတွင်း စာစစ်ဌာနပြုလုပ်မည့် အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို)အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မတ် လ ၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
Mar 02,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်းက ပေါက်ဖော် ပညာသင်ဆု ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ယင်းတက္က သိုလ်ဘွဲ့နှင်းခန်းမ၌ ကျင်းပသည်။
Mar 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁ ရက်နေ့ နေ့လည် ၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့မွန်းလွှဲ ၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရှမ်းစာပေနှင့်ရှမ်းစကားပြော အခြေခံသင်တန်း စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
Mar 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြတ်သည့် ကျောင်းသား/ ကျောင်းသူများ ဖြစ်စေရန်နှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မတ်(၂)ရက်နံနက်(၉)နာရီက Myanmar Fiteness Dance သင်တန်း (အခမဲ့) ဖွင့်လှစ်လျက်ရှိကြောင်းသိရှသည်။