ဆိပ်ကြီးခနောင်တို မတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁ ရက်နေ့ နေ့လည် ၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှူး ချစ်ဝမ်းမှ ဆွေးနွေးပြောကြားရာတွင် “မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်စေ လိုပါကြောင်း၊ လာမည့် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြု လုပ်နေစဉ် ကာလအတွင်း၌လည်း ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်စေလိုပါကြောင်း၊ မြို့နယ်အတွင်း လုံခြုံရေးအလေးထား ဆောင်ရွက်စေလိုပါကြောင်း၊ ဌာနဆိုင်ရာများမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” စသည်ဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မိမိတို့ ဌာနဆိုင်ရာနှင့် ရပ်ကွက်များအလိုက် ဆောင်ရွက်လျက်ရှိသည့် မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေမှုနှင့်လျှပ် စစ်ဓါတ်တိုင်များ တိုးချဲ့ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ မြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုနှင့် အခြားကျန်းမာရေးစောင့် ရှောက်မှု ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ မြို့နယ် အတွင်း နွေရာသီကာလရေရရှိမှုနှင့် ရေဖြန့်ဝေပေးမည့် အစီအစဉ်များ၊ နွေရာသီ အားကစားသင်တန်းများ ဖွင့် လှစ်သင်ကြားပေးမည့် အစီအစဉ်များ စသည်ဖြင့် အသီးသီး ဆွေးနွေးတင်ပြကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဖြည့်စွက် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ချစ်ဝမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဝေယံ (IPRD)