အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများမွေးမြူထားသည့် ကျွဲ၊နွားများတွင် ကျရောက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာသို့ သွားရောက်၍ ကျွဲ၊ နွားကောင်ရေ(၁၅၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ဖူးစားပြောင်းစျေးကောင်းရ၍ စိုက်ပျိုးသူများပြားလာကြောင်း ဇွယ်ငူကျေးရွာ ဦးသိန်းဇံထံမှ သိရသည်။
Mar 02,2023
၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီအချိန်က တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဖူဆယ် အားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
Mar 02,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က တောင်ကုတ်မြို့၊ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတာနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 02,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ၂၀၂၃-ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား သီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်၈နာရီခွဲက ခအုန်းမော်ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်သိန္နီမြို့တွင် တပေါင်းပွဲတော် ဘုရားပင့်ဆောင်ခြင်းနှင့် ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၈ နာရီအချိန်စတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် မိုင်းပတ်ကျေးရွာအုပ်စု၊ မိုင်းပတ်ရွာမ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ မတ်လ ၁ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်း သာယာလှပစေရေးနှင့် မြို့တွင်းလမ်းများအား အဆင့်မြင့် ကောင်းမွန်လာရန်အတွက် ခွင့်ပြုဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ပေးနေရာ အမှတ်(၈)ရပ်ကွက် နောင်မို-နောင်ဟီးလမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။