Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ နွေရာသီ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေစုကန်များအား ရေဖြည့်တင်းခြင်းနှင့် ရေတင်စက်များ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းဆောင…
Mar 02,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း ပွင့်လင်းရာသီကာလ မီးဘေး အန္တရာယ်ကြုံတွေ့လာပါက လွယ်လင့်တကူ ရေယူအသုံးပြုနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ သက်တော် ရှည်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေအောက်ရေစုကန်နှင့် စင်မြင့် ဖိုက်ဘာရေလှောင်ကန်များအား ဆေးကြောသန့်စင်၍ ရေဖြည့်တင်းခြင်းနှင့် ရေတင်စက်များ ကြံ့ခိုင်ကောင်းမွန်စေရေး ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲကျင်းပ
Mar 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သရက်လိန်အုပ်စု၊ သရက်လိန် ကျေးရွာတွင် မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီမှ ဆီထွက်သီးနှံ(နေကြာ)စံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်က ကျင်းပခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သုခမိန်ဘော်ဒါဆောင်တို့ ပူးပေါင်း၍ အနာဂတ် မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ် ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များမှ မီးဘေးသင့်ပြည်သူများထံ ထောက်…
Mar 02,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်ချက်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ် ၄ နာရီအချိန်က အဆိုပါ ကျေးရွာ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းများ စတင်ဖွင့်လှစ်
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက် မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားသင်တန်းများ ယမန်နေ့ ညနေပိုင်းက စတင်ဖွင့်လှစ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး
Mar 02,2023
၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲများကို ကျင်းပတော့ မည်ဖြစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ယမန်နေ့ မွန်းလွှဲ(၁)နာရီက စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးစီမံချက် ရှင်းလင်းဆွေးနွေးခြင်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ
Mar 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် သဘာဝဘေးကြိုတင် ကာကွယ်နိုင်ရေးနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်တွင် နွေရာသီရိုးရာခြင်းလုံး(အခြေခံ) သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ
Mar 02,2023
မြန်မာ့ရိုးရာခြင်းလုံး အားကစားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် နွေရာသီမြန်မာ့ ရိုးရာခြင်းလုံး (အခြေခံ) သင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်၌ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်ရှိ ကျန်းမာသုခခြင်းလုံးအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13179
Page
13180
Page
13181
Page
13182
Current page
13183
Page
13184
Page
13185
Page
13186
Page
13187
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department