Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ တပေါင်းလ အဖိတ်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က တပေါင်းလဆန်း ၁၄ ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅) နှစ်ပြည့် စိန်ရတု သစ္စာဓိဌာန် ရွှေစာရံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Mar 02,2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာတွင် တည်ရှိသော ရှေးဟောင်သမိုင်းဝင် တန်ခိုကြီးဘုရား တစ်ဆူဖြစ်သည့် သစ္စာဓိဌာန် ရွှေစာရံစေတီတော်ကြီး၏ (၇၅) နှစ်ပြည့် စိန်ရတုဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို တပေါင်း လပြည့်နေ့မှ လပြည့်ကျော် ၉ ရက်နေ့အထိ တမူထူးခြားစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် အင်္ဂလိပ်စာအခြေခံ သင်တန်း အခမဲ့ဖွင့်လှစ်လျက်ရှိ
Mar 02,2023
အခြေခံပညာကျောင်းသား/သူများ အင်္ဂလိပ်စာအခြေခံအားကောင်းစေရန်တွက် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်မှ စတင်၍ အင်္ဂလိပ်စာ အခြေခံသင်တန်းကို အခမဲ့သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ပင်ဦးကျေးရွာတွင် သပြေပန်းပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ မိသားစုနေ့စဉ် ဝင်ငွေရရှိ
Mar 02,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာမှ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဉယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရွာ၏ အရှေ့ဘက်ကိုင်းမြေ ၁ ဧကတွင် မြေအောက်ရေကိုအသုံးပြု၍ သပြေကြီးနှင့် ကျောက်သပြေ ပန်းပင်များ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချရကာ မိသားစု နေ့စဉ်ဝင်ငွေ ရရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်း ဆောင်ရွက်
Mar 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပိတောက်မြိုင်ရပ်ကွက်၊ အသေးစားစက်မှု လက်မှုလုပ်ငန်း၌ ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ (၅၃၁)ဧကကိုအကောင် အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဧက(၂၀၀)ထပ်မံ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ် ဆောင်ရွက်…
Mar 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း အရည်အသွေး ကောင်းမွန်သော စံပြကွက်များ ဖြစ်စေရေးအတွက် စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေဧကများအဖြစ် ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်း စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဧက (၅၃၁)ဧကအထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး လယ်ယာမြေ ဧက(၂၀၀)ကို ထပ်မံ၍ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် သက်လုံနွေရာသီ အခြေခံဘောလုံးသင်တန်းဖွင့်လှစ်
Mar 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ နွေရာသီကျာင်းပိတ်ရက်အတွင်း လူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစား ဖွံ့ဖြိုး တိုးတက်စေရန်နှင့် အသင်းအဖွဲ့ စိတ်ဓာတ်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မတ်လ ၁ ရက်နေ့မှစ၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ သက်လုံနွေရာသီအခြေခံ ဘောလုံးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့ ၁ ရက်နေ့မှ စတင်၍ (ည)ရပ်ကွက်၊ သက်လုံဘောလုံးကွင်းတွင် ကျင်ပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း (၂၀၂၂-၂၀၂၃) ခုနှစ်၊ နှစ်ပတ်လည် လုပ်ငန်းဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးနှင့် သက်ကြီးစာပေပညာရှင်ကြီးများအာ…
Mar 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့နံနက် ၁၀း၀၀ အချိန်မှ ၁၁း၀၀ အချိန်အထိ မြို့နယ်စာရေးဆရာအသင်း (၂၀၂၂-၂၀၂၃) ခုနှစ်၊ နှစ်ပတ်လည်လုပ်ငန်းဆိုင် ရာမျက်နှာစုံညီအစည်းအဝေးနှင့် သက်ကြီးစာပေပညာရှင်ကြီးများအား ကန်တော့ခြင်းအခမ်းအနားကို အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13175
Page
13176
Page
13177
Page
13178
Current page
13179
Page
13180
Page
13181
Page
13182
Page
13183
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department