အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပသည်။
Mar 03,2023
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် တည်ထားလျက်ရှိသော ဝေဠုဝန်ဗုဒ္ဓဥယျာဉ်တော်၊ အနန္တဇိနသမ္ဗုဒ္ဓေစေတီတော်ကုန်းမြေတွင် ဖေဖေါ်ဝါရီ(၂၈) ရက်နံနက်(၁၀)နာရီက အဆိုပါဥယျာဉ်တော်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဝေဠုဝန်ဗုဒ္ဓဥယျာဉ်တော်၊ အနန္တဇိနသမ္ဗုဒ္ဓေစေတီတော် ကုန်းမြေ၊ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်ခွဲ ရွှေပေါ်ကျွန်းဆရာတော်ဥူးသာသန(မြို့နယ်သံဃာနာယကဥက္ကဋ္ဌ)အား ဖူးမျှော်ကန်တော့၍ လှူဖွယ်ဝတ္ထု ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်
Mar 03,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မီးဘေးအန္တရာယ်မရှိစေရေးအတွက် ယမန်နေ့နံနက် ၈ နာရီ အချိန်က ချောင်းကောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 03,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က သီရိဟေမာရပ်ကွက် စက်ရုံဘုန်းတော်ကြီးတွင် ထိုးနှံလျက်ရှိကြောင်း သိရသည်။
Mar 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့က မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပသည်။
Mar 03,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြို အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများအတွက်  ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို (၄-၃-၂၀၂၃)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Mar 03,2023
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ သဒ္ဓမ္မဇောတိကဓဇ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဟိုခုံပရိယတ္တိစာသင်တိုက်သို့ ကြွရောက်ပြီး တရားဟောကြားတော်မူခဲ့သည်။