Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဒက္ခိဏသီရိစက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Mar 02,2023
နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီဥက္ကဋ္ဌများ၏ ဒက္ခိဏသီရိ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တွေ့ဆုံပွဲ
Mar 02,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၉ လမ်းကြားရှိ မြန်မာ့သတင်းအချက် အလက်နှင့် နည်းပညာတက္ကသိုလ် (MIIT- Myanmar Institute of Information Technology အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁၄၄၀ နာရီက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ အ.ထ.က (ကျုံး) RCC (၁) ထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှုအား…
Mar 02,2023
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ(၂၈)ရက် ညနေ(၃)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အ.ထ.က(ကျုံး) ကျောင်းတွင် ပွင့်ဖြိုးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ် လျက်ရှိသော စက်မှုစိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း RCC (၁)ထပ် ကျောင်းဆောင်သစ် တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပင်းတယမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ထောက်ပံ့ငွေဖြင့် ဆောင်ရွက်လျက် ရှိသော ကျုံးကျေးရွာအုပ်စု ရွှေတက်လမ်းအစုအဖွဲ့၏ အာလူးအအေးခန်း(၂၅၀) တန်ကျ စက်ရုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဒေသတွင် စိုက်ပျိုးသည့် အာလူးများကို ကြည့်ရှုကြသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာတပ်နယ် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင် ၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က သာစည်မြို့နယ်ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင…
Mar 02,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လှိုင်းတက်ကျေးရွာ ညောင်ပင်သာဘုန်းတော်ကြီး ကျောင်း ရွှေဘုံသာဓမ္မာရုံ၌ မိတ္ထီလာတပ်နယ် အမှတ်(၁) တပ်မတော် ဆေးရုံ(ခုတင်-၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က လှိုင်းတက်တိုက်နယ်အတွင်းရှိ ရဟန်းသံဃာများ၊ သီလရှင်များနှင့် ဒေသခံပြည်သူများကို ယမန်နေ့ နံနက် ၈ နာရီက အခမဲ့ဆေး ကုသပေး ခြင်းနှင့် ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-9 ၏ နှစ်ဆုံးစာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုပြီးစီး
Mar 02,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ် ဌာနများအလိုက် ဖြေဆိုလျက်ရှိရာ ယနေ့တွင် Grade-9 အတန်း၏ နောက်ဆုံးနေ့အဖြစ် အခြေခံသိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုပြီးစီး ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာ၌ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပ
Mar 02,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ဒေသဝမ်းစာဆီဖူလုံနိုင်ရေး နေကြာစိုက်ခင်းများ တို့ချဲ့ဆောင်ရွက် လျက်ရှိရာ တောင်းဖူးကျေရွာအုပ်စုရှိ ကွင်းအမှတ် ၁၀၇၀ တောင်သူ ဦးဂေါင်းလုံး၌ စိုက်ပျိုးထားသောဆောင်းနေကြာ (ဆင်းရွှေကြာ-၂)လေးဧက စံပြကွက်၌ ယနေ့ နံနက်ပိုင်းက ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော်ဗီဒီယို စိစစ်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Mar 02,2023
နေပြည်တော်ဗီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ယနေ့ မွန်းလွဲ(၂) နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများနှင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပ…
Mar 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများစာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက်က မီးသတ်ဦးစီးဌာနနှင့် ဘုရားငုတ္တိုရှမ်းစုကျေးရွာသို့ သုတရသစာအုပ်စာစောင် မျိုးစုံယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13180
Page
13181
Page
13182
Page
13183
Current page
13184
Page
13185
Page
13186
Page
13187
Page
13188
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department