အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သံဃာ့နာယကဖွဲ့ နှစ်ပတ်လည် အစည်းအဝေးပြုလုပ်ခြင်းနှင့် သံဃာ့တော်များအား ဆွမ်းကပ်လှူဒါန်းခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လေးထပ်ကျောင်းဝန်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 03,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဆွမ်း၊ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မတ်(၁)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
Mar 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ကြီထွားလာစေရန် အသက်(၂)လမှ အသက် (၁)နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းကို မုံးကိုးမြို့ ပြည်သူ့ဆေးရုံး၌ ယမန်နေ့နံနက်(၁၁)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းလှကျင်းရွာသူ၊ ရွာသားများသည် ယခုနှစ်လည်း ရိုးရာဓလေ့အစဉ်အလာအတိုင်း တပေါင်းလဆန်း ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် လှည်းအစီး ၃၀ ပါ ယာဉ်တန်းဖြင့် စတင်၍ တပေါင်းလပြည့်ကျော် ၁ ရက်နေ့အထိ ၄ ရက်တိုင် ညအိပ် ဘုရားဖူးထွက်ခွါမှာဖြစ်ကြောင်း မင်းလှကျင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုံးကြိုင်ထံမှ သိရသည်။
Mar 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပအိုဝ်းတိုင်းရင်းသားများ စုပေါင်းရှင်ပြုအလှူတော် မင်္ဂလာပွဲတော်ကို မတ်လ(၁)ရက်နေ့မှစ၍ စည်ကားသိပ်မြိုက်စွာပြုလုပ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Mar 03,2023
ဇေယျာသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Mar 03,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၁ ရက်နေ့ညနေပိုင်းမှ စတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။