ကျွန်းလှမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်း ဆောင်ရွက်

ကျွန်းလှ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပိတောက်မြိုင်ရပ်ကွက်၊ အသေးစားစက်မှု လက်မှုလုပ်ငန်း၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းဟန်နှင့် ဝန်ထမ်းများက မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များ အသိပညာပေး ပြောကြားပြီး မီးသတ်ဆေးဗူး၊ အဝတ်စိုတို့ဖြင့် မီးငြိမ်းသတ်နည်း လပ်တွေ့ပြသကြသည်။

ထို့နောက် စက်ရုံအတွင်း မီးသတ်ဆေးဗူးများထားရှိမှု၊ လျှပ်စစ်မီးကြိုး၊ မီးခလုပ်များ စနစ်တကျထားရှိမှု၊ ရေကန်များရေဖြည့်ဆည်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။

မျိုးဝင်းညို ကျွန်းလှ