နတ်မောက် မတ် ၂
အခြေခံပညာကျောင်းသား/သူများ အင်္ဂလိပ်စာအခြေခံအားကောင်းစေရန်တွက် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်မှ စတင်၍ အင်္ဂလိပ်စာ အခြေခံသင်တန်းကို အခမဲ့သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြင်ပဗဟုသုများရရှိစေရန်နှင့် အင်္ဂလိပ်စာအရေး အဖတ်ကျွမ်းကျင်ပိုင်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြ ဆရာမဒေါ်ဂျူးဂျူးမာက သင်တန်းစည်းမျဉ်းနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာမဒေါ်ဂျူးဂျူးမာက Listening၊ Speaking၊ Reading Writing သင်ခန်းစာများကို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများအား မတ်လ ၁ ရက်နေ့မှ မေလ ၃၀ ရက်နေ့ အထိ အပတ်စဉ်တနင်္လာနေ့မှ ကြာသပတေးနေ့အထိ နံနက် ၁၀ နာရီမှ ၁၁နာရီအထိ သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြသည်။ လှဝင်း
ဦးလှဝင်း
မြို့နယ်(ပြန်/ဆက်)