ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ တပေါင်းလ အဖိတ်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပင်းတယ မတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က တပေါင်းလဆန်း ၁၄ ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပင်းတယမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပပြုလုပ်နိုင်ရေး၊ ကျင်းပပြုလုပ်မည် အစီအစဉ်များ ကြိုတင်စီမံ ဆောင်ရွက်ထားရမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အစည်းအဝေးအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပင်းတယအောင်ပန်း မြို့အဝင်ဂိတ်မှ မြို့ပတ်လမ်းအတိုင်းလှည့်လည် ကြည့်ရှုစစ်ဆေး၍ တပေါင်းပွဲတော်ကျင်းပသည့် နေရာရှိ ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်မည့် နေရာအား ကြည့်ရှုကာ တာဝန်ရှိများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ ကြောင်းသိရသည်။

အောင်ကိုဦး(ပြန်/ဆက်)