တန့်ယန်း မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် မိုင်းပတ်ကျေးရွာအုပ်စု၊ မိုင်းပတ်ရွာမ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ မတ်လ ၁ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ မိုင်းပတ်ကျေးရွာအုပ်စု၊ မိုင်းပတ်ရွာမလမ်း ကွန်ကရစ်ခင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)၏ ထောက်ပံ့ရန်ပုံငွေမှ ကျပ်သိန်း(၁၀၀)နှင့် ကျေးရွာနေ ပြည်သူလူထု၏ လုပ်အားတန်ဖိုးပါဝင်မှု ငွေကျပ်သိန်း(၅၀ ဒဿမ ၇၀)၊ စုစုပေါင်း ငွေကျပ် (၁၅၀ ဒဿမ ၇)သိန်းဖြင့် အရှည် (၇၈၀)ပေ၊ အကျယ် (၁၂)ပေရှိ လမ်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြီးစီးမှုအခြေအနေအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးတင်အောင်လွင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)