တန့်ယန်း မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်း သာယာလှပစေရေးနှင့် မြို့တွင်းလမ်းများအား အဆင့်မြင့် ကောင်းမွန်လာရန်အတွက် ခွင့်ပြုဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ပေးနေရာ အမှတ်(၈)ရပ်ကွက် နောင်မို-နောင်ဟီးလမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အဆိုပါ အမှတ်(၈)ရပ်ကွက် နောင်မို-နောင်ဟီးလမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့် တိုးမြှင့်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၈၂ ဒဿမ ၄) သိန်းဖြင့် လမ်းအရှည် (၉၄၀)ပေ၊ လမ်းအကျယ် (၁၂)ပေ၊ ထု (၉)လက်မအား မြို့နယ်စည်ပင်သာယာရေးဌာနမှ အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ရာ အဆိုပါ လမ်းဆောင်ရွက်ပြီးစီးသွားပါက အမှတ်(၈)ရပ်ကွက် နောင်မို-နောင်ဟီးရှိ ဒေသခံပြည်သူများ သာမက ကျောင်းသား၊ ကျောင်းသူများပါ သွားရေး/လာရေး အဆင်ပြေ ချောမွေ့သွားမည် ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)