အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲချိန်က  မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 03,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Mar 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အခြေခံအားကစားနည်း (၆)မျိုး ကို အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Mar 03,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ် အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Mar 03,2023
ပြည်တောင်စုနယ်မြေ၊ နေပြည်တော်တွင် ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေး နေပြည်တော် ပုဂ္ဂလိကစက်မှုကုန်ကြမ်း(ဝါး) စိုက်ခင်းစိစစ်ထောက်ခံချက်ပြုရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 03,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း မီး​ဘေးအန္တရာယ်ကင်း​ဝေး​စေ​ရေးအတွက်၊ မီး​ဘေးကြိုတင်ကာကွယ်​ရေး အသိပညာ​ပေးလိုက်လံ့​ဆော်သြခြင်းကို ယ​မန်​နေ့ည​နေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ခံဦးသိန်း​ဇော်နှင့် တပ်ဖွဲ့ဝင်များက ဖား​ဆောင်းမြို့​မြောက်ပိုင်းရပ်ကွက်၊ ​တောင်ပိုင်းရပ်ကွက်နှင့် အ​ခြေခံပညာအထက်တန်း​ကျောင်းတို့၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Mar 03,2023
မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေးပညာရေးဒီဂရီကာလိပ် ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၃) သင်တန်းဆင်းလက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မကွေးမြို့ မကွေးပညာရေးဒီဂရီကာလိပ် ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်ကြားရေး ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။