ဖား​ဆောင်းမြို့နယ် မီး​ဘေးအန္တရာယ်ကင်း​ဝေး​စေ​ရေးအတွက် မြို့​ပေါ်ရပ်ကွက်များသို့ လိုက်လံ​ဆော်သြ

ဖား​ဆောင်း မတ် ၃

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း မီး​ဘေးအန္တရာယ်ကင်း​ဝေး​စေ​ရေးအတွက်၊ မီး​ဘေးကြိုတင်ကာကွယ်​ရေး အသိပညာ​ပေးလိုက်လံ့​ဆော်သြခြင်းကို ယ​မန်​နေ့ည​နေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ခံဦးသိန်း​ဇော်နှင့် တပ်ဖွဲ့ဝင်များက ဖား​ဆောင်းမြို့​မြောက်ပိုင်းရပ်ကွက်၊ ​တောင်ပိုင်းရပ်ကွက်နှင့် အ​ခြေခံပညာအထက်တန်း​ကျောင်းတို့၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့အသိပညာ​ပေး​ဆောင်ရွက်ရာတွင် ယခုကာလသည်ပူပြင်း​ခြောက်​သွေ့​သော​ နွေရာသီသို့ ကူး​ပြောင်း​ရောက်ရှိလာပြီဖြစ်သည့်အတွက် မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အ​နေဖြင့်မိမိတို့​နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊​ ရေအိပ်၊ သဲပုံး၊ သဲအိပ်များထားရှိကြရန်၊ မီးဖိုမီးများ အသုံးပြုပြီးပါက စနစ်တကျမီးငြိမ်းသတ်ထားကြရန်၊ ဘုရာမီးပူ​​ဇော်သည့်ဖ​ယောင်းတိုင်မီးများ ထွန်းရာတွင်လည်း မီးငြိမ်းသည့်အချိန်ထိ​စောင့်ကြည့်ရန်၊​ နေအိမ်ပြင်ပသို့ထွက်ခွာပါက အိမ်တွင်အ​စောင့်တစ်ဦးထားရန်တို့ကို အသိပညာ​ပေး​ဆော်သြခဲ့ကြသည်။

ထို့​နောက် တက္ကသိုလ်ဝင်တန်းစာ​မေးပွဲသည် မကြာမီ​ဖြေဆို​တော့မည်ဖြစ်ပြီး စာ​ဖြေဆိုချိန်၌​ ကျောင်းသား/ သူများ အ​နှောက်ယှက်မဖြစ်​စေရန် စာ​ဖြေဆိုမည့် အ​ခြေခံပညာအထက်တန်း​ကျောင်းပတ်ဝန်းကျင်နှင့်​ ကျောင်းအနီး​နေထိုင်သည့်​ နေအိမ်များသို့လည်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး အသိပညာ​​ပေးခြင်းများ​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင် (ပြန်/ ဆက်)