Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လေးမျက်နှာမြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းကျဆင်းရေးနှင့် ဗို့အားပြည့်ဝစွာ သုံးစွဲရရှိရေး ဆောင်ရွက်
Mar 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းကျဆင်းရေးနှင့် ဗို့အားပြည့်ဝစွာ သုံးစွဲရရှိရေးအတွက် မြို့နယ် လျှပ်စစ်မှူးရုံး ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်း၌ အမှတ်(၃)ရပ်ကွက် ဗန္ဓူလလမ်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် မြန်မာအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကျင်းပ
Mar 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြန်မာအမျိုသမီးများဘဝ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီခွဲက စာရေးဆရာမ မေမြတ်စန္ဒာနှင့် ရန်ကင်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား ကျောင်းသူ(၈၆၃)ဦး ဝင်ရောက်ဖြေဆို
Mar 03,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူ (၈၆၃)ဦးမှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ တပေါင်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်
Mar 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော (တပေါင်းလပြည့်နေ့) မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မတ်လ(၅)ရက်နေ့ နံနက် ၅နာရီခွဲ အချိန်ကစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ်တွင် အောက်ဆီဂျင်များအား အခမဲ့ဆက်လက်ဖြန့်ချီပေး
Mar 03,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံးတွင် အတွင်းလူနာများအတွက် ထုတ်ပေးသည့်အပြင် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများကျန်းမာရေးအတွက်လိုအပ်သော အောက်ဆီဂျင်များကို မြို့နယ်( Namhsan Oxygen) ပရဟိတလူငယ်များမှတဆင့် ၂၀၂၁ ခုနှစ် စက်တင်ပါလမှစတင်၍ မြို့နယ် Oxygen Plant ကြီးကြပ်ရေးကော်မတီက မြို့နယ်ပြည်သူ့ဆေးရုံဝန်းရှိ Oxygen Plant စက်ရုံမှထုတ်လုပ်ပြီး အခမဲ့ဖြန့်ချီပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၀ လီတာ ၅ လုံး၊၁၅ လီတာ ၂၈ လုံး၊ ၄၀ လီတာ ၁၁၇လုံး၊ စုစုပေါင်း ၁၅၀ လုံးထုတ်လုပ်ပြီး၊ ၁၀လီတာအိုး ၇လုံး၊ ၁၅ လီတာအိုး ၁၅လုံးနှင့်၄၀လီတာအိုး ၇၉လုံး၊ စုစုပေါင်း ၁၀၁ လုံးအား အခမဲ့ဖြန့်ချီပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်တွင် ဝါမျိုးကောင်းမျိုးသန့် လွှမ်းခြုံရေး၊ ဝါစျေးကွက်တည်ငြိမ်ရေးနှင့် ဝါသီးနှံအထွက်နှုန်းတိုးတက်ရေးတို့အတွက် ဝါလုပ်ငန်းရှင်များနှင့် တ…
Mar 03,2023
မိတ္ထီလာခရိုင်တွင် ဝါမျိုးကောင်းမျိုးသန့် လွှမ်းခြုံရေး၊ ဝါစျေးကွက် တည်ငြိမ်တွက်ချေကိုက်ရေးနှင့် ဝါသီးနှံအထွက်နှုန်းတိုးတက်ရေးတို့အတွက် ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို ယမန်နေ့နံနက် ၁၀ က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးဝတ် (အခြေခံ)အပ်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Mar 03,2023
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် တောင်ငူခရိုင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းက ကျင်းပပြုလုပ်သည့် ရပ်ရွာအခြေပြု အမျိုးသမီးဝတ်(အခြေခံ) အပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ဝင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် နမ့်ပငချောင်…
Mar 03,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်း ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ဝင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13160
Page
13161
Page
13162
Page
13163
Current page
13164
Page
13165
Page
13166
Page
13167
Page
13168
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department