အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2023
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ် တော်ဝင်ဟင်္သာ ဆန်စက်သို့ ရောက်ရှိခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဦးရာဇာလင်းက ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံလောင်စာတောင့်နှင့် သဘာဝမြေဩဇာ ထုတ်လုပ်မှုနှင့် အဆိုပါလုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေစက်ရုံ (Gasifire Power Plant) ဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
Mar 03,2023
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင်ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၁၅၃ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
Mar 03,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုကြမည့် ကလိန်အောင်မြို့မှ ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Mar 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီအချိန်က တောပြားကြီးကျေးရွာအုပ်စု၊ တောပြားကြီးကျေးရွာအတွင်းရှိ တည်ဆောက် ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 03,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
Mar 03,2023
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ ရွှေတောင်မြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အထက(မိုးညို)ကျောင်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပ ပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် မီးထိတ်လန့်မှုမဖြစ်စေရန် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၃ခုနှစ် မတ်လ ၈ရက်နေ့တွင်  ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများမှ ယမန်နေ့ နံနက်ပိုင်းက စတင်စစ်ဆေးဆောင်ရွက်ကြသည်။