Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်မည့် ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Mar 05,2023
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့ရှိ ယာယီနေရပ်စွန့်ခွာစခန်းအသီးသီးတွင် ခေတ္တခိုလှုံ နေထိုင်လျှက်ရှိသော ကျေးရွာအုပ်စု (၈)အုပ်စု မှ မိမိသဘောဆန္ဒအရ နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာစခန်းမှ ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ်အတွင်း သန့်ရှင်းသာသာလှပစေရေးအတွက် ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး
Mar 04,2023
မွန်ပြည်နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပစေရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ဦးဇိနဘုရား ဘေးတောင်ရိုးတန်း တစ်လျှောက်ရှိခြုံနွယ် ပိတ်ပေါင်းများ မြက်ခြောက်များအား ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ သစ်တော၊ လျှပ်စစ်၊ လမ်းဦးစီးဌာန၊ ရပ်ကွက် (၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် YMBA စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရှိ စာစစ်ဌာန(၂)ခုတွင် မီးဘေးလုံခြုံရေးစစ်ဆေး
Mar 04,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မြို့ပေါ်ရှိစာစစ်ဌာန(၂)ခုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့၌ အသစ်တိုးချဲ့ထားသည့် မြို့တွင်းရေပိုက်လိုင်းများ ရေပေးဝေရေးအတွက် ရေပိုက်လမ်းကြောင်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး
Mar 04,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ပေါ် ရပ်ကွက်များတွင် အသစ်တိုးချဲ့ထားသည့် မြို့တွင်းရေပိုက်လမ်းကြောင်းများအား ရေပေးဝေနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၄ ရက်နေ့ထိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Mar 04,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားကစားနည်းသင်တန်းဆင်းပွဲကျင်းပ
Mar 04,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့် အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားစကားနည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအလုပ်ရုံ ဆွေးနွေးပွဲ…
Mar 04,2023
(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့်တောင်သူများ စုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13134
Page
13135
Page
13136
Page
13137
Current page
13138
Page
13139
Page
13140
Page
13141
Page
13142
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department