Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှိုစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲ မုံရွာမြို့တွင်ကျင်းပ
Mar 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှိုစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး၊ ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်
Mar 04,2023
သဘာဝဘေးကျရောက်လျှင် ကြံခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့် ပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့ဇီးကုန်းကျေးရွာသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ သွားရောက်ခဲ့ကာ နေအိမ်အမိုးအကာ ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Mar 04,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှု အခြေအနေအား ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများက မြိုန့ယ်အတွင်းရှိ စာစစ်ဌာန (၂)ခုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား(၁၉)ဦးတို့အား တာဝန်ရှိသူများက ထောက်ပံ့ငွေများ လက်ဝယ်အ…
Mar 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Mar 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့တွင် မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အကြို လှုပ်ရှားမှုအနေဖြင့် လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာ၀န် ဒေါက်တာ ဝိုင်းအောင် ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က လဟယ်မြို့နယ် ညှင်ရှောင်ကျေးရွာသို့ ကွင်းဆင်းပြီး ကလေး၊ လူကြီး လူနာ စုစုပေါင်း (၁၈၇)ဦးအား ကျန်းမာရေစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂)မျိုးစံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသ
Mar 04,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံဆင်းရွှေကြာ (၂)စံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မြို့ဦးရပ်ကွက်၊ဇူလကျေးရွာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၈)ဦး တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည်
Mar 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၃၈) ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Mar 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းက ရေနံတောင်ကျေးရွာအုပ်စု ရေနံတောင် ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13136
Page
13137
Page
13138
Page
13139
Current page
13140
Page
13141
Page
13142
Page
13143
Page
13144
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department