ကော့ကရိတ်မြို့၌ တပေါင်းလပြည်နေ့တွင် ရဟန်းသာမဏေသီလရှင်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကော့ကရိတ် မတ် ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ (လပြည့်၊ လကွယ်)နေ့များတွင် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း/ကွမ်းအထောက်အပံ့ဖြစ်စေရေးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ ယမန်နေ့ တပေါင်းလပြည့်နေ့ ညနေ ၄ နာရီချိန်က အမှတ်(၆)ရပ်ကွက်ရှိ ဇိနသုခလောကသရဖူစေတီတော် ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဇိနသုခလောကသရဖူစေတီတော် သဟပုညကာရီဓမ္မာရုံမှ စတင်၍ ဗုဒ္ဓရုပ်ပွားတော်အား ရှေ့ဆုံးမှ ပင့်ဆောင်၍ ကော့ကရိတ်မြို့နယ်အတွင်း ကျောင်းတိုက်(၂၂) ကျောင်းမှ ပင့်သံဃာ ဆရာတော် သာမဏေအရှင်သူမြတ် အပါး(၃၁၇)ပါး၊ သီလရှင်ကျောင်းတိုက်(၂)ကျောင်းမှ သီလရှင်(၆၁)ပါး၊ စုစုပေါင်း(၃၇၈)ပါးတို့အား ဘုရားရင်ပြင်တော်တွင် ကြွရောက်တော်မူရာ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ အရာရှိအရာခံ စစ်သည်တော်များနှင့် မိသားစုများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ မြို့ပေါ်ရပ်ကွက်ရှိ အလှူရှင်တို့မှ လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းသည် (လပြည့်/လကွယ်)နေ့များတွင်လည်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်၊ ပြန်/ဆက်)