မြောက်ဦးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးဖလား ရပ်ကွက်/ကျေးရွာအုပ်စု ချစ်ကြည်ရေးဗိုလ်လုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မြောက်ဦး မတ် ၆

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းအမျိုးသားဗိုလ်လုပြိုင်ပွဲကို ယမန်နေ့က ဗန္ဓုလရပ်ကွက်၊ ဘောလုံးကွင်း၌ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အသင်း(၃၀) ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရှုံးထွက်စနစ်ဖြင့် ကစားခဲ့ကြရာ နောက်ဆုံးဗိုလ်လုပြိုင်ပွဲသို့ နယ်မြေခံတပ်မအသင်းနှင့် တောင်ရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယ်မြေခံတပ်မအသင်းကို တောင်ရပ်ဘောလုံးအသင်းမှ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူးအနိုင်ရရှိခဲ့သည်။

ဆုပေးပွဲအခမ်းအနားကို ကျင်းပကြရာ ပထမဆုရရှိသော တောင်ရပ်အသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်မှလည်းကောင်း၊ ဒုတိယဆုရရှိသော နယ်မြေခံတပ်မအသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးမှလည်းကောင်း၊ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု၊ ရှေ့တန်း အကောင်းဆုံးကစားသမားဆု၊ အလယ်တန်း အကောင်းဆုံး အားကစားသမားဆုတို့အား ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူတို့က ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်၊၊

ဆက်လက်၍  (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးဖလား ရပ်ကွက်/ ကျေးရွာ ပေါင်းစုံအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဘောလုံးဝါသနာရှင်များ၊ ဒေသခံပြည်သူများတို့ တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)