မော်လမြိုင်ကျွန်း မတ်လ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြို့နယ်သံဃနာယက ဒုတိယဥက္ကဌမြို့နယ် ဘ/က ကြီးကြပ်ရေးဥက္ကဋ္ဌ ဘဒ္ဒန္တဇာဂရ တယ်ချောင်းတိုက်ဆရာတော်ပဓာနာ နာယကဆရာတော်ဘုရားကြီးအား ပင့်ဆောင် ကြိုဆိုပွဲအား ယနေ့နံနက် (၈) နာရီအချိန်က စော်ကဲချောင်းကျေးရွာမှ မြို့တွင်းသို့လှည့်လည်ပူ ဇော်ခံခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တော် (သာသနာပြု ဒုတိယအဆင့်) ဆရာတော် ဘဒ္ဒန္တဇာဂရ ဆရာတော်အရှင်မြတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်ထွေး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်ဦး၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ အဖွဲ့ဝင် လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးစောဝဏ္ဏ၊ မြို့နယ်အဆင့် ဌာနာဆိုင်ရာအသီးသီးတို့က စော်ကဲချောင်းကျေးရွာမှ စတင်ပင့်ဆောင်၍ မြို့အတွင်းသို့ လှည့်လည်ကာ မြို့နယ်နေဒေသခံပြည်သူများ၊ စေတနာရှင် အလှူရှင်များက လှူဖွယ်ဝတ္ထုအစုစုတို့အား ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)