ပြင်ဦးလွင်မြို့နယ်ရှိ စာစစ်ဌာန (၃)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၁၆၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်

ပြင်ဦးလွင် မတ် ၇

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ(၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ဦးလွင်မြို့နယ်မှ ကျောင်းသား/ ကျောင်းသူ(၂၁၆၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင် မြို့နယ်ရှိစာစစ်ဌာန(၃)ခုတွင် ဆွံ့အ၊ နားမကြား၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများအပါ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်ဖြေဆိုသူ ၂၁၆၆ ဦးတွင် ဘာသာတွဲ(၁)၊ ဘာသာတွဲ (၂)၊ ဘာသာတွဲ (၅)၊ ဘာသာတွဲ(၇)၊ ဘာသာတွဲ(၈)တို့ပါဝင်ပြီး အတွင်းဖြေအပြင်ဖြေဟူ၍ ၂ မျိုးရှိကာ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၂၁၆၆ ဦးရှိပြီး အ.ထ.က(၁) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ(၇၀၀)ဦး အ.ထ.က (၂)စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ (၇၀၀)ဦး အ.ထ.က (၃) စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူ(၇၆၆)ဦး အသီးသီးဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)