မိုးနဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် စတင်ဖြေဆို

မိုးနဲ မတ် ၈

ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စာစစ်ဌာနသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၊  ဌာနဆိုင်ရာ တာဝန်ကျ ပူးပေါင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပြည်သူ့စစ်တို့ပူးပေါင်းကာ တာဝန်ကျဆရာ၊ဆရာမများနှင့် ဖြေဆိုသည့် ကျောင်းသား/သူများ လုံခြုံအေးချမ်းစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်နှင့် အဖွဲ့ဝင်များက ဖြေဆိုမည့် ကျောင်းသား/သူများကို နှာခေါင်းစည်း(mask)များ၊ ဘောပင်နှင့် စာမေးပွဲခန်းသုံးပစ္စည်းများ ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် မိုးနဲအထက်တန်း ကျောင်းနှင့် နားခံအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း (၅၆)ဦး စာရင်းပေးသွင်းထားကြောင်းနှင့် မိုးနဲမြို့နယ်တွင် ဖြေဆိုသည့် ဘာသာတွဲ (၄) ခုရှိပြီး ယနေ့တွင် ကျောင်းသား/သူ (၅၀) ဦး တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)