ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ဓနုဖြူ မတ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ မတ်လ ()ရက်နေ့၊ နံနက် () နာရီအချိန်မှစတင်၍ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ယနေ့ ပထမနေ့(မြန်မာစာ) ဘာသာရပ်အား ဓနုဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန()ခု တို့တွင် စတင်ဖြေဆိုလျက်ရှိရာ ဓနုဖြူမြို့နယ်တွင် စာမေးပွဲဖြေဆိုသူစာရင်းရှိ(၅၆၁)ဦးရှိရာ၊ ယခုဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၈၈) ဦး၊ ကျောင်းသူ(၃၁၈)ဦး၊ စုစုပေါင်း(၅၀၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ပျက်ကွက်သူကျောင်းသား (၃၁) ဦး၊ ကျောင်းသူ (၂၄)ဦး၊ စုပေါင်း(၅၅)ဦး ပျက်ကွက်ခဲ့ပြီး၊ဖြေဆိုသူရာနှုန်း(၉၀.၂၀)ရာနှုန်းဝင်ရောက်ဖြေဆိုကြောင်းမြို့နယ်ပညာရေးမှူးထံမှသိရသည်။

အဆိုပါ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်()ဗိုလ်မှူးဟိန်းထက်ဇော်၊ အတွင်းရေးမှူးရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)