ချောင်းဦးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ချောင်းဦး မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အထက စာစစ်ဌာနတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ အေချမ်းစွာ ဖြေဆိုနိုင်ရေး၊ အန္တရာယ်ကင်းရှင်းစေရန်နှင့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊  ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို ပူးပေါင်းကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနဖြစ်သည့် ချောင်းဦး အ.ထ.က စာစစ်ဌာန တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို မည့်သူ စာရင်းရှိ (၄၃) ဦးအနက် (၂၇) ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ (၁၆) ဦးရှိကြောင်းနှင့် ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၆၂ ဒဿမ ၇၉) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

ဝင်းမြင့်အောင်(ပြန်/ဆက်)