Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် လယ်ဝေးမြို့နယ် ရုံးပင်ချောင်း ယာယီရေထိန်းဆည် (အေလာ) တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး
Mar 11,2023
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့်တိုင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက လယ်ဝေးမြို့နယ်၊ အေလာ၊ ရွာသစ်ကျေးရွာအနီးရှိ ရုံးပင်ချောင်း ယာယီရေထိန်းဆည် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်တွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေး
Mar 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ရပ်ကွက်နေပြည်သူများအား စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာ ဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန် ရည်ရွယ်၍ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရင်ခွင်မဲ့ကလေးများ ရန်ပုံငွေပေးအပ်ချီးမြှင့်ပွဲ တက်ရောက်ချီးမြှင့်
Mar 11,2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ညနေပိုင်းတွင် ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ပြုလုပ်သည့် (၇၈) နှစ်မြာက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရင်ခွင်မဲ့ကလေးများ ရန်ပုံငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။ ရှေးဦးစွာ မြန်မာပြည်သိန်းတန်နှင့် ရင်ခွင်မဲ့ကလေးများ စုပေါင်းသီဆိုထားသည့် ကြယ်စင်လေးများ သီချင်းအား Video Clip ဖွင့်၍ အခမ်းအနားကို ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့်တွ…
Mar 11,2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်အတွင်း ရောင်းချနေသည့် ဆေးဆိုင်များ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေး ပူးပေါင်းအဖွဲ့ကွင်းဆင်းစစ်ဆေး
Mar 11,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရောင်းချလျက်ရှိသည့် ဆေးဆိုင်များ FDA အသိအမှတ်ပြု DRC No. မပါသောParbisure အမည်ရှိဆေးဝါးများ ရောင်းချဖြန့်ဖြူးခြင်းရှိ/ မရှိ စစ်ဆေးခြင်းအား ညောင်ဦးမြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီအချိန်က ဆေးဆိုင်များအားကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်ထမ်းအိမ်ရာလိုင်းခန်းများ မီးဘေးလုံခြုံရေးနှင့် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Mar 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးဝန်းရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းများအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေး သတိပြုလိုက်နာနိုင်ရန်နှင့် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို မတ် ၁၀ ရက်၊ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးအတွက် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်
Mar 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန်ဟီရိုးမြို့တွင် စာဖတ်ဝါသနာရှင်များနှင့် ဒေသခံ ပြည်သူများအသိပညာဗဟုသုတတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည်(၂)နာရီအချိန်တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင်ဦးစီး မှူးရုံးတွင် ရေစုဆောင်းခြင်းနည်းလမ်းများ၊ ရေစနစ်တကျချွေတာသုံးစွဲရေး နည်းလမ်းများနှင့် မြေနမူနာ၊ ရေနမူနာ၊ မြေဩဇာနမူနာယူနည်းများ နည်…
Mar 11,2023
ရေစုဆောင်းခြင်းနည်းလမ်းများ၊ ရေစနစ်တကျချွေတာသုံးစွဲရေး နည်းလမ်းများနှင့် မြေနမူနာ၊ ရေနမူနာ၊ မြေဩဇာနမူနာယူနည်းများ နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မုံရွာခရိုင်ဦးစီး မှူးရုံး၊ အောင်သလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး မုံရွာခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် နှင့် သီးနှံများအထွက်နှုန်းတိုးစေရန်၊ ရေနည်းကာလ ရေသိုလှောင်စုဆောင်းခြင်းနှင့် ရေချွေတာ စိုက်နည်းစနစ်များ၊ ကွန်တိုကန်သင်းဆောင်ရွက်ခြင်း နည်းလမ်းများအား ဆွေးနွေးပို့ချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13013
Page
13014
Page
13015
Page
13016
Current page
13017
Page
13018
Page
13019
Page
13020
Page
13021
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department