အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2023
ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြီး မသန်စွမ်းသူများနှင့် မသန်စွမ်းသူများ၏ မိသားစုဝင်များအတွက် အခြေခံ (ဆံသ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က လွိုင်ကော် မူလတန်းကြိုကျောင်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
Mar 11,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်သည် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး ကျော်သက်ထူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်တို့နှင့်အတူ မတ်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနအတွင်း မီးသတ်ယာဉ်များ ထားရှိမှု၊ အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများအတွင်း အရေးပေါ် မီးငြိမ်းသတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်စားသောက်မှုနှင့် မီးကင်းလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့်ဝန် ထမ်းများအား လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ ကြောင်း သိရသည်။
Mar 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာအမှိုက်များကင်းရှင်းစေ ရေးနှင့် Clean City၊ Green City၊ Smart City ဖြစ်လာစေရေးအတွက်မြို့နယ်နေပြည်သူများသုံးစွဲ ခဲ့သည့်စွန့်ပစ်အမှိုက်များအား တစ်ပိဿာလျှင် (၁၀၀) ကျပ်နှုန်းဖြင့်ဝယ်ယူခြင်းလုပ်ငန်းအား အပတ်စဉ် စနေနေ့တိုင်းဝယ်ယူလျက်ရှိရာ ယနေ့ နံနက် (၈) နာရီအချိန်မှ နံနက် (၁၁) နာရီအချိန်အထိ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် အောင်ဆန်း(၁)လမ်းထောင့်၌ ဆောင်ရွက်သည်။
Mar 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ၏ ထုံးတမ်းအစဉ်အလာအရ တစ်နှစ်လျှင် တစ်ရက်သာ ကျင်းပသည့်  ဈေးဟောင်းနေ့(ခေါ်) စော်ဘွားဈေးနေ့ကို  မတ် ၁၁ ရက်က ယခင်ဈေးဟောင်းနေရာဖြစ်သည့် ပါလျန်မြို့ရိုးတံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။
Mar 11,2023
ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာရှိ ယာယီ တိုက်ပွဲရှောင်မှ ပြန်လည်ရောက်ရှိလာသော ပြည်သူများထဲမှ ထိခိုက်လွယ် အုပ်စုများ ဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၅) နှစ်အောက် ကလေးငယ်များ၊ အသက် (၇၀) နှစ်အထက် ဘိုးဘွားများ၊ မသန်စွမ်း သူများအားထောက်ပံ့ကြေးများ သွားရောက် ပေးအပ်ခဲ့သည်။
Mar 11,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျေးလက် ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။