Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကံမမြို့နယ် ကိုင်းဒေါင့်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 11,2023
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ကံမမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကိုင်းဒေါင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့ရှိ ကျက်သရေဆောင်ညဈေးတန်း ပြန်လည်ဖွင့်လှစ်ပြီ
Mar 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယခင်နှစ်များက ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုအခြေအနေများကြောင့်နှင့် ဒေသလုံခြုံရေးအခြေအနေများကြောင့် မြို့ကျက်သရေဆောင် ညဈေးကြီးကို ခတ္တမျှသာ ဖွင့်လှစ်ရောင်းချပြီး ယခုနှစ် ၂၀၂၃ ခုနှစ်၊ ပွင့်လင်းရာသီတွင် ညဈေးကြီးကို ညရှည် ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီဖြစ်၍ ဈေးရောင်း၊ဈေးဝယ် အလည်အပတ်ခရီးသွားများဖြင့် ပြန်လည်စည် ကားလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်
Mar 11,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲကို အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Mar 11,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံ စိုက်ပျိုးသည့် တောင်သူများအား GAP နည်းပညာပေးသင်တန်းဖွင့်လှစ်
Mar 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးသည့် တောင်သူများ GAP နည်းပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကြီးပွားအောင်မြင်အောင်ပန်းကိုဆင် စာအုပ် စာဖတ်ဝိုင်းပြုလုပ်
Mar 11,2023
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီ ခွဲက မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် သီပေါ်ကျေးရွာတွင် နိုင်ငံခြားနှင်းဆီပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Mar 11,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သီပေါ်ကျေးရွာမှ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဉယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရွာ၏ အနောက်ဘက်ကိုင်းမြေ ၀ ဒသမ ၅၀ ဧကတွင် မြေအောက်ချောင်းရေကို အသုံးပြု၍ နိုင်ငံခြားနှင်းဆီမျိုး အပင် ၁၀၀၀ ကျော်ကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချရကာ မိသားစု ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Mar 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုး တက်မြင့်မားရေးကြီးကြပ်မှုကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13011
Page
13012
Page
13013
Page
13014
Current page
13015
Page
13016
Page
13017
Page
13018
Page
13019
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department