အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ငါန်းမြာကျေးရွာ ဘုရင့်နောင်ရပ်ကွက်၌ ယမန်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားရာ နေအိမ် (၂) လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
Mar 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်မပါဘဲ Parbisure အမည်ဖြင့် အကြောအားဆေးအား ရောင်းချနေမှု ရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၁ နာရီက နောင်ချိုမြို့မဈေးအတွင်း/အပြင်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရန်အတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် ပြည်သူများပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီက ဗိုလ်ချုပ်လမ်းမကြီးတလျှောက် အမှတ်(၁) ရပ်ကွက်နယ်မြေ၌ ရေနှုတ်မြောင်းအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
Mar 11,2023
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၄) ဘောဂဗလ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြှင့်တင်ရေးစီမံချက်ဖြင့် ဖွင့်လှစ်သည့် “ပညာ့အလင်း” ကျောင်း စာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ကျောင်းအတွင်းရှိ စာကြည့်တိုက်အဆောက်အဦရှေ့တွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 11,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အများပြည်သူများ အသက်အရွယ်မ​ရွေး ကိုယ်လက်လှုပ်ရှား အားကစား ​ဆောင်ရွက်နိုင်​​ရန် ထူးချွန်​သော​ဂေါက်သီးရိုက် အားကစားသမားများ​ ပေါ်ထွက်လာ​စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်​ရောက်ခဲ့သည်။