ငါန်းဇွန် မတ် ၁၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ငါန်းမြာကျေးရွာ ဘုရင့်နောင်ရပ်ကွက်၌ ယမန်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားရာ နေအိမ် (၂) လုံး မီးလောင်ဆုံးရှ
ဖြစ်စဉ်မှာ ငါန်းမြာကျေးရွာ ဘုရင့်နောင်ရပ်ကွက်နေ ဦးလှိုင်ဝင်းထွန်း(တောင်သူ)၏ သွပ်မိုး၊ ထရံကာ (၁၈ပေ၊ ၁၂ပေ) မြေစိုက်လူနေအိမ်တွင် အင်ဗာတာဖြင့် ဘတ္ထရီအားသွင်းရာ ချိတ်ဆက်ထားသော နှစ်ပင်လိမ်ဝါယာကြိုး အပူလွန်ကဲပြီး အနီးရှိ နေအိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းရာမှ ဘေးအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ငါန်းမြာနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တပ်ဖွဲ့ဝင်(၈)ဦးနှင့် ဒေသခံပြည်သူများ ပူးပေါင်းမီးငြိမ်းသတ်မှုကြောင့် မီးငြိမ်းသွာခဲ့ပြီး လူတိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ မီးလောင်မှုဖြစ်ပွားစေသူ အိမ်ရှင် ဦးလှိုင်ဝင်းထွန်းအား ငါန်းမြာနယ်မြေရဲကင်းစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)