(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေကူမြို့၊ အမှတ် (၄) ဘောဂဗလ အခြေခံပညာအလယ်တန်းကျောင်း၌ “ပညာ့အလင်း” ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲ ကျင်းပ

ရွှေကူ  မတ်  ၁၁

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်() ဘောဂဗလ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြှင့်တင်ရေးစီမံချက်ဖြင့် ဖွင့်လှစ်သည့်ပညာ့အလင်းကျောင်း စာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲကို ယနေ့နံနက် နာရီခန့်က ကျောင်းအတွင်းရှိ စာကြည့်တိုက်အဆောက်အဦရှေ့တွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စာကြည့်တိုက်အဆောက်အဦကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ အဖွဲ့ဝင် ဗိုလ်မှူးကျော်မိုးသွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြနွယ်၊ အမှတ် () ဘောဂဗလ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ပုပုစိန်၊ တော်ဝင်သိင်္ခကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်ငယ်ငယ်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် စာအုပ်စာစောင် လှူဒါန်းပွဲကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက စာအုပ်စာစောင်ဝယ် ယူရန် အလှူငွေ ငါးသောင်းကျပ်၊တော်ဝင်သိင်္ခကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်ငယ်ငယ်ထွေး က အလှူငွေ ငါးသောင်းကျပ်၊ စေတနာရှင်အလှူရှင်နှစ်ဦးက အလှူငွေ နှစ်သောင်းကျပ်၊မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းနှင့် ဒေါ်ခင်ခင်စန်းတို့ကစာအုပ်စာစောင်များကို အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်အား အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျောင်း စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေး စီမံချက်ရန်ပုံငွေ ကျပ်သန်း (၅၃.) သန်း ဖြင့် တင်ဒါအောင်မြင်သည့်တော်ဝင်သိင်္ခကုမ္ပဏီမှ (၂၅--၂၀၂၂)ရက်နေ့က စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး အလျား (၄၀) ပေ အနံ (၃၀)ပေ၊ အမြင့် (၁၂) ပေရှိ တစ်ထပ်၊ သွပ်မိုး ကွန်ကရစ်ခင်း RCC အမျိုးအစားဖြစ်ကြောင်းနှင့် စာကြည့်တိုက်တွင်းထားရှိသည့် ပရိဘောဂများ၊ စာအုပ်စာစောင် များအတွက် အခြေခံပညာဦးစီဌာန၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  အသုံးစရိတ်ရန်ပုံငွေ ၁၉ သိန်း  သောင်းအားပံ့ပိုးခြင်း၊ ကျောင်းစာကြည့်တိုက်ရှိ စာအုပ်စာစောင်များ စနစ်တကျ ထားသိုပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်နည်းပညာရပ်များအား မြန်မာနိုင်ငံစာကြည့်တိုက်များ သင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကူညီပံ့ပိုးခြင်းများဖြင့် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းဖြင့် လူသားအရင်းအမြှစ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေကြောင်း မြို့နယ်ပညာရေးမှူးက ပြောကြားခဲ့ကြောင်း သိရသည်။

ခင်ပပသိန်း(ရွှေကူ၊ပြန်/ဆက်)