မိုးမောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် တောင်သူများထံ  ချေးငွေထပ်မံထုတ်ချေးပေးခြင်း

မိုးမောက် မတ် ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် တောင်သူများထံ  ချေးငွေထပ်မံထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ(၃)တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ချေးငွေရယူ၍ မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေး ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည့် မိုးမောက်မြို့နယ်၊ မံပုံကျေးရွာ အုပ်စု၊ (၇)မိုင် အောင်မြေကျေးရွာ နေတောင်သူဦးလောချွမ်း(မိသားစု)ဘက်စုံ မွေးမြူရေးခြံ ဝက်မွေးမြူရေးအစုအဖွဲ့ တောင်သူ(၁၀)ဦးမှ ၂-၂-၂၀၂၃ရက် နေ့ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ မိုးမောက်မြို့နယ် ခရီးစဥ်တွင်တင်ပြမှုအရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေးမြစိမ်းရောင်စီမံကိန်း ချေးငွေကျပ် သိန်း(၂၀၀)အားထပ်မံထုတ်ချေးခဲ့ရာ မြို့နယ်အဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် ကော်မတီဝင်များမှ တောင်သူများလက်ဝယ်ထံသို့ ချေးငွေများဆက်လက်ပေးအပ်ခဲ့ပါကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)