တန့်ယန်းမြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တန့်ယန်း မတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရန်အတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် ပြည်သူများပူးပေါင်းကာ ယမန်နေ့ နံနက် နာရီက ဗိုလ်ချုပ်လမ်းမကြီးတလျှောက် အမှတ်(၁) ရပ်ကွက်နယ်မြေ၌ ရေနှုတ်မြောင်းအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား(၁၈၀)ဦးခန့်က ရေနှုတ်မြောင်းအတွင်းရှိ အညစ်အကြေးများ ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။                                                                                                

မင်းလွင်ဦး(ပြန်/ ဆက်)