Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငဖဲမြို့ ချင်းစုရပ်တွင် ထိုင်ဝမ်ကန်စွန်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Mar 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့မရပ်ကွက် ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင် တည်ရှိပြီး အရှေ့ဘက် ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် စားဖိုဆောင်ဟင်းသီးဟင်းရွက်၊ သီးနှံများ၊ မေမြို့ပန်းများနှင့် အတူ ထိုင်ဝမ် ကန်စွန်း ကို စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်းပြီး ပေ ၃၀၊ ၄၀ ကန်စွန်းတစ်ခင်းလျှင် ငွေကျပ် ၇ သိန်းဖိုးခန့်ရောင်းချရကြောင်း ထိုင်ဝမ်ကန်စွန်း စိုက်ပျိုးရောင်းချ သူ တောင်သူ ဒေါ်သင်းခိုင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့၌ တစ်နိုင်တစ်ပိုင် ပန်းဂေါ်ဖီစိမ်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေရရှိ
Mar 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် တစ်နိုင်တစ်ပိုင် ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ရရှိပြီး အဆင်ပြေလျက်ရှိကြောင်းကို မိုင်းလုံမြို့ ခြံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံဖိနပ်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား
Mar 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ တွင် အခြေခံဖိနပ်ချုပ်သင်တန်းကို ယမန်နေ့ နံနက်(၁၁)နာရီက အခမဲ့ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်
Mar 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်
Mar 18,2023
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီအားကစား သင်တန်းများ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 18,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားနေသော အခြေခံပန်းချီသင်တန်းဆင်းပွဲကျင်းပ
Mar 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ်၃ နာရီ ၃၀ အချိန်က အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12899
Page
12900
Page
12901
Page
12902
Current page
12903
Page
12904
Page
12905
Page
12906
Page
12907
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department