Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့တွင် ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
Mar 18,2023
ကျောက်ဆည်မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် ဆည်ရေသောက် စနစ်အသုံးပြုကာ စပါးသီးနှံကို အဓိထားစိုက်ပျိုးကြ သော်လည်း ယာမြေများ၊ ဥယျာဉ်ခြံမြေများနှင့် ကျွန်းမြေများတွင် နှစ်ရှည် သီးနှံများ၊ ကာလတို၊ ကာလရှည်သီးနှံများ စိုက်ပျိုးရောင်းချလျက်ရှိရာ ကီလို မာလကာ စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိပြီး ဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်လွန်ကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
Mar 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်းတစ် လျှောက် (အရှေ့မြင်းပြိုင် ကွင်းလမ်းမှ ဝေဇယန္တာလမ်းထိ) နိုင်လွန်ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ များနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ဇီးတောကျေးရွာအုပ်စုမှ နွားကောင်ရေ (၂၀၇) ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး
Mar 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထား သည့် ကျွဲ၊ နွားများတွင် ကျရောက် တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင် ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဇီးတောကျေးရွာအုပ်စုသို့ သွားရောက်၍ နွားကောင်ရေ (၂၀၇) ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်း ထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများဖျန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲကျင်းပ
Mar 18,2023
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်လင်မူလတန်းကြို ကျောင်းတွင် ကျောင်းဆင်းပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ် ပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီက အဆိုပါ ကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Mar 18,2023
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအား နေပြည်တော်ကုသရေးဦးစီးဌာန လက်အောက်ရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများဆောင်ရွက်
Mar 18,2023
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကိုယ်တိုင်တီထွင်ဖန်တီးတတ်သည့် စွမ်းရည်တိုးတက်လာစေရန်၊ ဉာဏ်ပညာတိုးတက် လာစေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက် သွားလာ အသုံးပြုတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့ နံနက်(၉)နာရီက ပုံပြင်ပြောခြင်းနှင့်ဆေးရောင်ခြယ်ခြင်းကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း နည်းပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ
Mar 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို ပုဗ္ဗသီရိ မြို့နယ်၊ နဝဒေးရပ်ကွက်၊ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်မှု အဖွဲ့ရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့၌ လူငယ်နှင့် စာပေ အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်
Mar 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စာပေဖတ်ရှုလေ့လာခြင်းနှင့် ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ လူငယ်နှင့် စာပေ အသိပညာပေး (Talk Show)ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12900
Page
12901
Page
12902
Page
12903
Current page
12904
Page
12905
Page
12906
Page
12907
Page
12908
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department