မော်လမြိုင် မတ် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကမ်းသာ ကစားကွင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ မွန်ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် စီးပွားရေးရာ ဝန်ကြီးနိုင်လယိတမ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေ၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျောင်းသား/ သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” ထုတ်လုပ်ခြင်းသည် ... အလုပ်အကိုင်အခွင့်အလမ်းများကို ပေါများလာစေမည်ဖြစ်ပြီး ငွေကြေး လည်ပတ်မှုများလည်း ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် များစွာအကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း MSME လုပ်ငန်းများမှ ထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိပြီး ထုတ်လုပ်မှုများ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း” မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကို မွန်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်မှ နာယကအဖြစ် ဦးဆောင်ပါဝင်ပြီး အဖွဲ့ဝင် (၂၈)ဦးဖြင့် (၅-၄-၂၀၂၂)ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မြို့နယ်ဆွေးနွေးပွဲများကို လုပ်ဆောင်လျက်ရှိကြောင်း၊ စီးပွားရေး ဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ရမည့်နည်းလမ်းများ၊ ငွေကြေးအထောက်အပံ့ရရှိရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ အထောက်အပံ့ ရရှိရေးများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ပြည်နယ် ၀န်ကြီးချုပ်က အ.ထ.က (၉ )ဘင်ခရာ အဖွဲ့အား ဂုဏ်ပြုဆုငွေ (၁)သိန်းကျပ်နှင့် တိုင်းရင်သားအဖွဲ့အား ဂုဏ်ပြု ဆုငွေ (၂)သိန်းကျပ်အား ဆုချီးမြှင့်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူး၍ ဌာနဆိုင်ရာ ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်း ပြခန်းများအား လှည့်လည် ကြည့်ရှု ခဲ့သည်။
အဆိုပါ ပြပွဲတွင် ဌာနဆိုင်ရာပြခန်းများ (၃၁)ခန်း၊ MSME ထုတ်ကုန်အရောင်း ပြခန်း (၂၈)ခန်း၊ ဒေသထွက်ကုန် အရောင်းပြခန်း (၁၀)ခန်း၊တိုင်းရင်းသား ရိုးရာအစားအစာအရောင်းပြခန်း (၁၀) ခန်း ပြည်နယ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆိုင်ခန်း (၁)ခန်း၊ ပြည်နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာဆိုင်ခန်း (၂)ခန်း စုစုပေါင်းအခန်း (၈၁) ခန်းအား ဖွင့်လှစ်ပြသလျက်ရှိပြီး မတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ ၂ ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်