ကင်ပွန်းချဉ်ပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

လိပ်သို မတ် ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံအချို့မှာ ကင်ပွန်းချဉ်ပင်များကို  စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့်  မိသားစုအား အထောက်အကူပြု လျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သောကြောင့်  ယခင်ကတောတောင်များတွင် ကင်ပွန်းချဉ်ပင်များ သဘာ၀အလျောက်ပေါများစွာ ပေါက်ရောက်လျက်ရှိခဲ့ရာမှ တောင်ယာများ ခုတ်ထွင်ရှင်းလင်းခြင်း၊ နှစ်ရှည်ဥယျာဉ်ခြံများ တည်ထောင်လာခြင်းကြောင့် ကင်ပွန်းချဉ်အပင်များ လျော့နည်းလာခဲ့ကြောင်း သိရသည်။

ယခုအခါ ဒေသခံအချို့မှာ ကင်ပွန်းချဉ်အပင်များကို ပြန်လည်စိုက်ပျိုးခြင်း၊  ရှိပြီးအပင်များအား ပြုစုထိန်းသိမ်းခြင်းတို့ဆောင်ရွက်ခဲ့ကြရာ ကင်ပွန်းချဉ်ရွက်များကို မိမိတို့ စားသုံးရသည့်အပြင် ပြန်လည်ရောင်းချရခြင်း၊  ကင်ပွန်းသီးများကို ဝယ်ယူသည့် ပွဲစားများ ပေါ်ပေါက်လာခြင်း၊ ခေါင်းလျော်ရည်ကဲ့သို့သော ကုန်ချောများ ထုတ်လုပ်လာနိုင်ခြင်းတို့ကြောင့် မိသားစု အပိုဝင်ငွေများ ရရှိကာ များစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)