ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ

ကျွန်းလှ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)မှ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြောင်း သိရသည်။

ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၌ သီတင်းသုံးတော်မူသော စာချ၊ စာသင် သံဃာတော်များအား ကျွန်းလှ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

အဆိုပါ ဆရာတော်သံဃာတော်များ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် ဌာနဆိုင်ရာများ၊ ကျောင်းသားဟောင်းများ၊ အသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးအလှူရှင်များ၊ ဒေသခံပြည်သူများက အာရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှည့်ကျ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ