လပွတ္တာ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကို ယမန်နေ့ နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သဝဏ်လွှာအား လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းဦးက ဖတ်ကြား ပြီး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော သဝဏ် လွှာအား မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်) ဆရာမကြီး ဒေါ်လှလှဝင်းက ဖတ်ကြားခဲ့သည်။ ထို့နောက် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၌ ဆုရရှိသည့် ကျောင်းသား/သူများကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ပြီး ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် "မြတ်ဆရာ" သီချင်းကို Grade-9 ကျောင်းသူ မဆုစန္ဒီက ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)