သတင်းများ

ပဲခူးမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နရံကပ်စာစောင်ပြပွဲဆောင်ရွက်
Oct 07,2023
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ လူငယ်အသိပညာ​ပေးဟောပြောပွဲ၊ နရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရေး သြဝါဒခံယူပွဲကျင်းပ
Oct 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးအား ပြည်သူများ ကြည်ညို သဒ္ဓါပွားများနိုင်ရန် ဘက်စုံပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စေတီတော်မြတ်ကြီး၏ သြဝါဒဆရာတော်ကြီးများနှင့် ဝန်ဆောင်ဆရာများထံက သြဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီက ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ နှစ်ကျိပ်ရှစ်ဆူဘုရားတန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ
Oct 07,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယမန်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာအုပ်စုတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှ၌ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်စွာ ရောင်းချပေး
Oct 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် လူငယ်ရေးရာနှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြော
Oct 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် လူငယ်ရေးရာနှင့်အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း (ကတ်ဖ)တွင် ကျင်းပသည်။
နောင်ချိုမြို့နယ်၌ တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူရေးဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ဆောင်ရွက်
Oct 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ အမျိုးသားအဆင့် တိရစ္ဆာန်သန်းခေါင်စာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Oct 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ အပတ်စဉ် မြို့သန့်ရှင်း သာယာလှပရေး စုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ
Oct 07,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။