ကျွန်းလှ၌ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်စွာ ရောင်းချပေး

ကျွန်းလှ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးခြင်းကို ကျွန်းလှမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်ပြီး ဆန်တစ်ပြည်နှင့် ကြက်ဥနှစ်လုံးကို ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဝန်ထမ်းများ လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။

ထို့အပြင် စားအုန်းဆီများကို ဝန်ထမ်းတစ်ဦးလျှင် ဆီ တစ်ပိဿာ၊ ပြည်သူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သားနှုန်းဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို