သတင်းများ

သရက်မြို့၌ ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 07,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဉပဒေဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁:၃၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်း ဆင်းပွဲအခမ်းအနားအားတက်ရောက်
Oct 07,2023
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းတန်းကျောင်း (ပုသိမ်)၌ ယမန်နေ့နံနက်ပိုင်းက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက် ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ
Oct 07,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာ KC ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
မိုင်းကိုင်မြို့နယ်၊ ကတ်ဖွီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာအား လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့် လက်မှတ် ပုံစံ-၇ များပေးအပ်
Oct 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ကတ်ဖွီးကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေတောင်သူများအား လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ အလုပ်ခွင်အတွင်း မတော်တဆထိခိုက်မှု ကြောင့် အမြဲတမ်းမသန်စွမ်းမှုအတွက် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ထုတ်ပေး
Oct 07,2023
မကွေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား တစ်ဦး၏ အလုပ်ခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိသူအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မကွေးမြို့၊ ပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်၌ ဂရန်အင်းနှင့်တင်ဒါချက်များအား ကြမ်းခင်းဈေးပြင်ဆင်ပြီး လေလံတင်ရောင်းချ
Oct 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းများ‌နှင့် တင်ဒါချက်များအား ကြမ်းခင်းဈေးပြင်ဆင်ပြီး လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ရှိ ရွှေပြည်သာမြေပဲခွဲစက်၊ ဆီစက်၊ မြေပဲဆားလှော် ရောင်းဝယ်ရေးလုပ်ငန်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချဆောင်ရွက်နေမှုများ သွားရောက်ကြည့်ရှု
Oct 07,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ဦးတည်ချက်များနှင့်အညီ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း အလားအလာကောင်းတဲ့ ဒေသထွက်ကုန်ကြမ်းများ ထုတ်လုပ်ခြင်းနှင့် စက်မှုလုပ်ငန်းနှင့် ဒေသထွက်ကုန်များကို တန်ဖိုးမြင့် ထုတ်လုပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာန အကြီးအကဲများလိုက်ပါကာ မကွေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ ရွှေပြည်သာ မြေပဲခွဲစက်၊ ဆီစက်၊ မြေပဲဆားလှော် ရောင်းဝယ်ရေးလုပ်ငန်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချဆောင်ရွက်မှု အခြေအနေများ သွားရောက်ကြည့်ရှုခဲ့သည်။
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တောင်ငူမြို့ နတ်စင်ကုန်း အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Oct 07,2023
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်​နေ့က တောင်ငူမြို့ နတ်စင်ကုန်း အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။