သတင်းများ

အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ‌ ချေးငွေရယူထားသောလုပ်ငန်းရှင်များ၏ ပထမ(၆)လပတ်လုပ်ငန်း အကျိုးရလဒ်ရရှိမှုအခြေအနေအား ရှင်းလင်းပွဲအခမ်းအနားကျင်းပ
Oct 07,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ‌ချေးငွေရယူထားသောလုပ်ငန်းရှင်များ၏ ပထမ(၆)လပတ်လုပ်ငန်း အကျိုးရလဒ်ရရှိမှု အခြေအနေများအား တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဗန်းမော်မြို့ အ.လ.က(၁)တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 07,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
Oct 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသအတွင်းတရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းမှ မိုင်းနော့(ဖာတ)ကျေးရွာအုပ်စု၊ ဖာငင်းကျေးရွာ၌ ယမန်နေ့နံနက်(၁၀) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ဆင်းဧကရီ-၃ မိုးစပါးစံပြကွက်ရိတ်သိမ်း
Oct 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်တပ်အုပ်စု၊ ဟိုရမ်းကျေးရွာ၌ ယမန်နေ့က တောင်သူဦးအိုက်ရှဲန်ကျန်၏ ကွင်းအမှတ်(၈၀)၊ ဦးပိုင်(၈၀/က)ရှိ ဆင်းဧကရီ-၃ မိုးစပါးစံပြကွက် တစ်ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ စပါးအစို ၁၃၅ တင်း၊ စပါးအခြောက် ၁၂၁ ဒသမ ၅ တင်း ထွက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ် မျောက်ချောကုန်း (အ.ထ.က)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Oct 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မျောက်ချောကုန်း (အ.ထ.က) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် လူငယ်များအသိဉာဏ်ပညာ ဖွံဖြိုးတိုးတက်ကာ ဗဟုသုတများရရှိစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မန်နံနက်ပိုင်းက မျောက်ချောကုန်း (အ.ထ.က)ကျောင်း၊ (ELan)ခန်းမတွင် ကျင်းပပြုလုပ်သည်။
စစ်ကိုင်းမြို့တွင် ရပ်ကွက်နေပြည်သူများနှင့် ဝန်ထမ်းများအား တန်ဖိုးသင့်စားသုံးဆီများရောင်းချပေး
Oct 07,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုနှင့်အတူ ရပ်ကွက်နေပြည်သူများ စားသုံးဆီဖူလုံစွာ စားသောက်နိုင်ရေး တန်ဖိုးသင့်စားသုံးဆီများကို ရပ်ကွက်များအတွင်း အလှည့်ကျလှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဖလား ရပ်ကွက်ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
Oct 07,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကျန်းမာကြံ့ခိုင်သော လူငယ်များပေါ်ထွက်လာစေ‌ရေး၊ မြန်မာ့ဘောလုံးအဆင့်အတန်းမြင့်မားလာစေရေး၊ မြို့နယ်အတွင်း အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ၂၀၂၃-ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဖလား မိုးရာသီ ရပ်ကွက်ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့ညနေက ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ် ရှေးဟောင်းသမိုင်းဝင် နန်းဖတ်ခုမ်စေတီတော်ဝန်းအတွင်းရှိ စေတီများရွှေထီးတော်၊ ရတနာစိန်ဖူးတော်နှင့် ဘုရားအနေကဇာတင်လှူပူဇော်ပွဲကျင်းပ
Oct 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် နန်းဖတ်ခုမ်စေတီတော်ဝန်းအတွင်းရှိ စေတီတော်များအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်က ဦးဆောင်ပြီး ဒါနရှင်ဓမ္မမိတ်ဆွေများက ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်နှင့် ဘုရားအနေကဇာတင်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။