နောင်ချို အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ အမျိုးသားအဆင့် တိရစ္ဆာန်သန်းခေါင်စာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်မဲခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်လွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းအား ဆက်လက်ပို့ချရာ တိရစ္ဆာန်သန်းခေါင်စာရင်းကောက်ယူရေး စာရင်းရေးသွင်းရာတွင် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စာတွေ့သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြေပြင်လက်တွေ့သရုပ်ပြ သန်းခေါင်စာရင်းကောက်ယူခြင်း သင်တန်းကို မျက်ချီးနု ကျေးရွာအုပ်စု ပန်လန်းကျေးရွာတွင် သွားရောက်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းသို့ နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ(၅၂)ခုမှ စာရင်းကောက်သင်တန်းသား ခေါင်းဆောင်(၃၆)ဦး အဖွဲ့ဝင် သင်တန်းသား(၆၉)ဦး စုစုပေါင်း(၁၀၅)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ နောင်ချိုမြို့နယ်တခုလုံး၏ ရပ်ကွက်၊ ကျေးရွာ ၂၀ ရာခိုင်နှုန်းကို သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်