ပဲခူးမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နရံကပ်စာစောင်ပြပွဲဆောင်ရွက်

ပဲခူး အောက်တိုဘာ

ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲ၊ နရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက နိုင်ငံဖွံ့ဖြိုးတိုးတကိရေးအတွက် လူငယ်များသည် စာအုပ်စာပေမှရရှိသည့် အသိပညာဗဟုသုတများဖြင့် အသိပညာစွမ်းအားများကို မြှင့်တင်ကာ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်နှင့်ပြည့်စုံစွာဖြင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်အတွက် စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှား၊အမှန်ခွဲခြားတတ်ပြီး မိမိကိုယ်ကို ယုံကြည်မှု၊ ရဲရင့်မှု၊ အမြော်အမြင်ရှိစွာ ရွေးချယ်ဆုံးဖြတ်နိုင်မှုများ ရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ၊ ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ စာအုပ်များ လာရောက်ငှားရမ်း ဖတ်ရှုစေလိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။ 

ဆက်လက်၍  လူငယ်များသိသင့်သော အပြုအမူများ ခေါင်းစဥ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုလည်းကောင်း၊  ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကိုလည်းကောင်း ကျင်းပခဲ့ရာ ကျောင်းသား၊ကျောင်းသူများမှ ပျော်ရွှင်စွာဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် နရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ 

အဆိုပါ လူငယ်အသိပညာပေး ဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲသို့ အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)