ပုဏ္ဏားကျွန်း အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယမန်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင် ကျေးရွာအုပ်စုတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၀ဝိ/- နှုန်းနဲ့ အောင်ဖြူပြင်ကျေးရွာအုပ်စု၊ အောင်ဖြူပြင်ကျေးရွာနှင့် သက်ရက်ချို ကျေးရွာရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်း ဖြင့် စားအုံးဆီ ၅၅၀ ပိဿာကို ရောင်းချပေးခဲ့ ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)