မိုးညိုမြို့နယ်၌ ဂရန်အင်းနှင့်တင်ဒါချက်များအား ကြမ်းခင်းဈေးပြင်ဆင်ပြီး လေလံတင်ရောင်းချ

 မိုးညို အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းများ‌နှင့် တင်ဒါချက်များအား ကြမ်းခင်းဈေးပြင်ဆင်ပြီး လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂရန်အင်းများနှင့်တင်ဒါချက်များ လေလံတင်‌ရောင်းချခြင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်း‌ဒေသကြီးဦးစီးဌာနမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ်ဆောင်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အင်းလေလံရောင်းချရေး ကော်မတီဝင်တို့က မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများနှင့်တင်ဒါချက်များကို ကြမ်းခင်း‌ဈေးပြင်ဆင်ပြီး လေလံတင်ရောင်းချခဲ့ရာ ဂရန်အင်း(၁၇)အင်း၊  ရောင်းချရငွေ(၃၂၇၉၀၀၀၀)ကျပ်၊ တင်ဒါချက်(၄)ချက်၊  ရောင်းချရငွေ (၃၉၇၀၀၀၀) ကျပ်၊ စုစုပေါင်းရောင်းချရငွေ (၃၆၇၆၀၀၀၀)ကျပ်ကို နိုင်ငံတော်အခွန်ငွေရရှိခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။                                                                                          

ကိုမင်း(ပြန်/ဆက်)