မကွေးမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ အလုပ်ခွင်အတွင်း မတော်တဆထိခိုက်မှု ကြောင့် အမြဲတမ်းမသန်စွမ်းမှုအတွက် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ထုတ်ပေး

မကွေး အောက်တိုဘာ ၇

မကွေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား တစ်ဦး၏ အလုပ်ခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိသူအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ()နာရီအချိန်က မကွေးမြို့၊ ပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးတာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း နှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦး၊ မြို့နယ်ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဝေဝေပိုင်နှင့် တာဝန်ခံဆရာဝန် ဒေါက်တာ ဒေါ်ခင်သီသီထွန်း တို့က အလုပ်ခွင်အတွင်း မတော်တဆထိခိုက်ဒဏ်ရာရရှိမှုအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုး ခံစားခွင့် ငွေလုံးငွေရင်း ကျပ်သိန်း (၃၀)ကျော်အား ကာယကံရှင် အာမခံအလုပ်သမား ဦးမျိုးလှိုင်ဝင်း (V Power လျှပ်စစ်ဓာတ်အား ပေးဖြန့်ဖြူးရေး) လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်